ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲ ဆွဲထည့်နေပြန်ပြီ
အချိန်အခါ နေရာဒေသ မရွေး တင်နေတဲ့ ရန်ကြွေးကို လက်တုန့်ပြန်ဖို့
သစ်ပင်မြန်မြန်စိုက်၊ မသေခင် အရိပ်လည်းနေရ အခက်လည်းချိုးရ
မကြာခဏ ထထပေါက်နေတဲ့ ကားဗုံးတွေအတွက်
မကြာခဏ ထထလှုပ်နေတဲ့ မြေငလျင်တွေအတွက်
မကြာခဏ ထထတိုက်နေတဲ့ ဆိုင်ကလုန်းတွေအတွက်
ငါတို့မြို့ကြီးကတော့ စိုးရိမ်ပူပန်လို့
ငါတို့မြို့ကြီးကတော့ ပူလို့သေတော့မှာပဲ
လ္ဘက်ရည်ဆိုင်မှာ ဧည့်ခန်းဖွဲ့
ရေဒီယို နားထောင်ရင်း ကမ္ဘာပတ်၊ဂျာနယ်ဖတ်ရင်း အပန်းဖြေ
အင်တာနက်ဆိုင် သေးသေးလေးထဲကနေ ကမ္ဘာအကြီးကြီးကို ချောင်းကြည့်နေရရှာတဲ့
ငါတို့မြို့ကြီးကတော့ ကျွတ်ကျဲနေပါပြီ
ငါပျော်နေတဲ့အချိန် ငါ့မိသားစု၊ ငါ့ပတ်ဝန်းကျင်၊ ငါ့ဆွေမျိုး အသိုင်းအဝိုင်းတွေ ပျော်နေပါ့မလား
ငါပျော်နေတဲ့အချိန် ငါ့ချစ်သူ၊ ငါ့မုန်းသူ၊ ငါ့ရန်သူတွေ ပျော်နေပါ့မလား
ငါတို့ ဂြိုလ်ပြာကြီးကတော့ တဖြည်းဖြည်း ပျော်ပျော်ကျ
တာဝန်မဲ့ ရပ်ကွက်ထဲက ထွက်ပြေးသွားတဲ့ ဂျင်းဘောင်းဘီ အစုတ်တစ်ထည်လို
စိတ်ဓါတ် ပျက်ပြားနေတဲ့ တီရှပ်အနက် တစ်ထည်လို
ငါဟာ ရှုံးပွဲကို အချိန်ဆွဲကစားမိသူ နောက်တန်းသမား
သူဖုန်းစားလည်း လက်ညှိုးထိုးခံရ
သူရဲကောင်းလည်း လက်ညှိုးထိုးခံရ
ခုပဲ ရယ်နေလက်စကြီးနဲ့ မင်းမျက်ရည်ကျရပြန်ပြီ
ထူးထွေဆန်းပြား ငါတို့ဘဝကြီးပါလေ။
- မင်းစိုးရာ
၁၆.၇.၂၀၁၀
Friday, July 23, 2010
Thursday, July 1, 2010
ဒါဆိုရင်မုန့်လုံးကိုစက္ကူကပ်ကြပါစို့
လူတစ်ယောက်ရဲ့ ပါးကိုရိုက်ဖို့
ခင်ဗျားမှာ သတ္တိရှိပြီလား အခြားအရာတွေနဲ့ ရောနှောမထားရန်
ခြောက်သွေ့သော၊ သတ်မှတ်အပူချိန်၊ ပတ်ဝန်းကျင်နှင့် စိုထိုင်းဆ
အမျိုးအစားခွဲခြားထားပါ ကလေးငယ်တွေရဲ့ဝေးဝေးမှာ
ဆေးကိုအစာစားပြီးမှသောက်ရန်
ဆရာဝန်ညွှန်ကြားချက်အရ အိမ်ထောင်ပြုရန်/အမှိုက်ပစ်ရန်။
ပွဲမ၀င်ခင် အပြင်၌ ကျင်းပခဲ့ကြသော်လည်း
တကယ့်ပွဲကျ အိုးနင်းခွက်နင်း
သံလမ်းမှတ်တိုင် ဆင်း၍လမ်းလျှောက်ခဲ့ပါ
အဆောင်မှာ သူငယ်ချင်းတို့အတွက် Time Table ရှိသည်။
သစ်ပင်ခုတ်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်(ကမ္ဘာ)
ကွာခြားချက်ရှိပါသလား
ခင်ဗျားက အနားတိုးလာသော်လည်း အတိုးတွေက နားမသွား
ခြေသလုံးက ပြတ်သွားတဲ့ အကြောတွေလို
ဆင်းရဲမွဲတေမှုနေရာမှာ တခြားဘယ်အရာမှ အစားထိုးစရာ မရှိတော့ပြီ။
အင်အားကြီး ဥရုဂွေးအနေနဲ့ ၁၆သင်းအဆင့်ကို အလွယ်တကူထင်ခဲ့သော်လည်း
ကစားကွက် အသာစီးမရဘဲ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်
ဘောလုံးပိုင်ဆိုင်မှုအသာ၊ စိတ်ဓါတ်ပိုင်းနှင့် အသင်းလိုက်စုစည်းမှု၊သက်လုံကောင်းမွန်သော်လည်း
အဆုံးသတ်မသေချာမှုကြောင့်
လေယာဉ်သည် တောင်ကိုရီးယားသို့ စောစီးစွာပျံသန်းခဲ့သည်။
မျက်ရည်ကျနေရပါသလား
တောင်အာဖရိကရနံ့နှင့်အာလူးကြော်
လှည်တန်း၌ညနေတိုင်း ညှော်နံ့ပြင်းထန်နေသည်။
ဤတွင်
နျူကလီးယားအစီအစဉ် ဖျက်သိမ်းရန်
ရင်သားခွဲစိပ်ပြုပြင်ရန်၊အလုပ်တစ်ခု အမြန်ဆုံးရရှိရန်
စသည် သတင်းများကို
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကိုယ်စားလှယ်အဖြစ် ကြေညာ၍
မချစ်လို့တော့ မဟုတ်ပါ
ပြင်းပြင်းထန်ထန် ဖျားနာနေသောကြောင့်
ကြက်စွပ်ပြုတ်ကို အနည်းငယ်သာ သောက်၍ တွဲလွဲရေ နေပါဦး
မိုးတောင်ကချုန်းလို့ပြီးပါပြီ။
မင်းစိုးရာ
ခင်ဗျားမှာ သတ္တိရှိပြီလား အခြားအရာတွေနဲ့ ရောနှောမထားရန်
ခြောက်သွေ့သော၊ သတ်မှတ်အပူချိန်၊ ပတ်ဝန်းကျင်နှင့် စိုထိုင်းဆ
အမျိုးအစားခွဲခြားထားပါ ကလေးငယ်တွေရဲ့ဝေးဝေးမှာ
ဆေးကိုအစာစားပြီးမှသောက်ရန်
ဆရာဝန်ညွှန်ကြားချက်အရ အိမ်ထောင်ပြုရန်/အမှိုက်ပစ်ရန်။
ပွဲမ၀င်ခင် အပြင်၌ ကျင်းပခဲ့ကြသော်လည်း
တကယ့်ပွဲကျ အိုးနင်းခွက်နင်း
သံလမ်းမှတ်တိုင် ဆင်း၍လမ်းလျှောက်ခဲ့ပါ
အဆောင်မှာ သူငယ်ချင်းတို့အတွက် Time Table ရှိသည်။
သစ်ပင်ခုတ်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်(ကမ္ဘာ)
ကွာခြားချက်ရှိပါသလား
ခင်ဗျားက အနားတိုးလာသော်လည်း အတိုးတွေက နားမသွား
ခြေသလုံးက ပြတ်သွားတဲ့ အကြောတွေလို
ဆင်းရဲမွဲတေမှုနေရာမှာ တခြားဘယ်အရာမှ အစားထိုးစရာ မရှိတော့ပြီ။
အင်အားကြီး ဥရုဂွေးအနေနဲ့ ၁၆သင်းအဆင့်ကို အလွယ်တကူထင်ခဲ့သော်လည်း
ကစားကွက် အသာစီးမရဘဲ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်
ဘောလုံးပိုင်ဆိုင်မှုအသာ၊ စိတ်ဓါတ်ပိုင်းနှင့် အသင်းလိုက်စုစည်းမှု၊သက်လုံကောင်းမွန်သော်လည်း
အဆုံးသတ်မသေချာမှုကြောင့်
လေယာဉ်သည် တောင်ကိုရီးယားသို့ စောစီးစွာပျံသန်းခဲ့သည်။
မျက်ရည်ကျနေရပါသလား
တောင်အာဖရိကရနံ့နှင့်အာလူးကြော်
လှည်တန်း၌ညနေတိုင်း ညှော်နံ့ပြင်းထန်နေသည်။
ဤတွင်
နျူကလီးယားအစီအစဉ် ဖျက်သိမ်းရန်
ရင်သားခွဲစိပ်ပြုပြင်ရန်၊အလုပ်တစ်ခု အမြန်ဆုံးရရှိရန်
စသည် သတင်းများကို
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကိုယ်စားလှယ်အဖြစ် ကြေညာ၍
မချစ်လို့တော့ မဟုတ်ပါ
ပြင်းပြင်းထန်ထန် ဖျားနာနေသောကြောင့်
ကြက်စွပ်ပြုတ်ကို အနည်းငယ်သာ သောက်၍ တွဲလွဲရေ နေပါဦး
မိုးတောင်ကချုန်းလို့ပြီးပါပြီ။
မင်းစိုးရာ
Saturday, June 19, 2010
အခု ခင်ဗျားကြုံ / တွေ့နေတဲ့ ပြဿနာရဲ့ အစ
အစလေးတစ်စ အစင်းကြောင်းလေးတစ်ခု
သတ္တုဟာ အက်လာတယ်
အက်ရာလေးကိုကြောင်း/ကျောင်းပေးရင်း
အက်ကြောင်းရာလေး ဖြစ်လာတယ်
ရှေ့တိုးလာတယ် ရွေ့လာတယ်
တဖြည်းဖြည်း မှိန်ဖျော့လာတဲ့ အသားအရေမှာ
ဓါးခုတ်ရာလို ဆေးမင်ကြောင်ဟာ တဟုန်ထိုး
တဟုန်ထိုး ကြွလာတယ် ၊ လင်းလာတယ်
အစင်းကြောင်းတွေ တစ်ရစ်ချင်း တစ်လွှာချင်း
မြေဆီလွှာကို လွှာယူလိုက်ရင်
တေ့ဆက်လား ချိတ်ဆက်လား ကွဲကွဲပြားပြား
ကွဲပြားလာတဲ့ အသားအရောင်တွေ ကြားထဲမှာ
သတ္တုဟာ ချွန်မြလာပြီး သိမှုနယ်ပယ်ရဲ့ အတွင်းသားထဲ အထိ
စူးစမ်း
စူးနေတဲ့ အစလေးကို စမ်းလိုက်မိတဲ့အခါ
ဘာသာစကားဟာ တေ့ဆက်လား ချိတ်ဆက်လား
လှလိုက်တာလို့ မညည်းတွားဝံ့အောင် လှ
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး
ဘာမှမဖြစ်ဘဲနဲ့တော့ ရပ်မသွားဘူး
ဘာမှမဖြစ်ဘဲနဲ့တော့ ဆက်မသွားဘူး
ဘာမှမဖြစ်ဘဲနဲ့တော့ TITANIC သင်္ဘောကြီး မြုပ်မသွားဘူး
ဓာတ်ပုံရိုက်ယူပြီး ပြတင်းပေါက်ကို ပိတ်လိုက်တယ်
အမြင်/အမျှင်ဟာ ပြတ်မသွားဘူး
အလျင်ဟာ ရပ်မသွားဘူး
တိမ်တွေ။ ။
မင်းစိုးရာ
10.6.2010
သတ္တုဟာ အက်လာတယ်
အက်ရာလေးကိုကြောင်း/ကျောင်းပေးရင်း
အက်ကြောင်းရာလေး ဖြစ်လာတယ်
ရှေ့တိုးလာတယ် ရွေ့လာတယ်
တဖြည်းဖြည်း မှိန်ဖျော့လာတဲ့ အသားအရေမှာ
ဓါးခုတ်ရာလို ဆေးမင်ကြောင်ဟာ တဟုန်ထိုး
တဟုန်ထိုး ကြွလာတယ် ၊ လင်းလာတယ်
အစင်းကြောင်းတွေ တစ်ရစ်ချင်း တစ်လွှာချင်း
မြေဆီလွှာကို လွှာယူလိုက်ရင်
တေ့ဆက်လား ချိတ်ဆက်လား ကွဲကွဲပြားပြား
ကွဲပြားလာတဲ့ အသားအရောင်တွေ ကြားထဲမှာ
သတ္တုဟာ ချွန်မြလာပြီး သိမှုနယ်ပယ်ရဲ့ အတွင်းသားထဲ အထိ
စူးစမ်း
စူးနေတဲ့ အစလေးကို စမ်းလိုက်မိတဲ့အခါ
ဘာသာစကားဟာ တေ့ဆက်လား ချိတ်ဆက်လား
လှလိုက်တာလို့ မညည်းတွားဝံ့အောင် လှ
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး
ဘာမှမဖြစ်ဘဲနဲ့တော့ ရပ်မသွားဘူး
ဘာမှမဖြစ်ဘဲနဲ့တော့ ဆက်မသွားဘူး
ဘာမှမဖြစ်ဘဲနဲ့တော့ TITANIC သင်္ဘောကြီး မြုပ်မသွားဘူး
ဓာတ်ပုံရိုက်ယူပြီး ပြတင်းပေါက်ကို ပိတ်လိုက်တယ်
အမြင်/အမျှင်ဟာ ပြတ်မသွားဘူး
အလျင်ဟာ ရပ်မသွားဘူး
တိမ်တွေ။ ။
မင်းစိုးရာ
10.6.2010
Saturday, May 1, 2010
ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ 2008.မေလ၊ 2 ရက်နဲ့ 3 ရက်တွေမှာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ခုဆို နှစ်နှစ် တိုင်ခဲ့ပါပြီ။
ဒါပေမယ့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက်ကတော့ ပြန်တွေးကြည့်တိုင်း ဒဏ်ရာဟာ အစိမ်းသက်သက်ပဲ ရှိနေဦးမှာပါ။
ဒီနေ့ နာဂစ် နှစ်နှစ်ပြည့် အမှတ်တရ အနေနဲ့ ကျွန်တော် ကဗျာဖန်တီးသူ တစ်ယောက်အနေနဲ့ မုန်တိုင်း တိုက်ခတ်ပြီး ၆ရက် အကြာလောက်မှာ ကြုံတွေ့ ကြားသိခဲ့ရတဲ့ ရင်နင့်ဖွယ် အဖြစ်အပျက် တစ်ခုကို
စာနာ မျှဝေစိတ်နဲ့ ရေးသားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်နဲ့ အတူ ၊နာဂစ်မှာ ကြေကွဲရင်နာဖွယ် ပျောက်ကွယ်သွားခဲ့ရတဲ့ ချစ်သူကျောင်းဆရာမလေး အကြောင်း ရေးထားတဲ့ အစ်ကို သူရနီရဲ့ ကဗျာတစ်ပုဒ်ကို
အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။
ရွာလေးတစ်ရွာ
မေ့လျော့မှုတွေဟာ
ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ
လူ့အဖြစ်ကို သေချာဖို့ အတွက်
အဓိပ္ပါယ်မဲ့ လက်မှတ်တစ်စောင်
နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား
သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ
"ရော့ အမေ... အဲဒီမှာ ဂါလံပုံး
နောက်ဆုံး အချိန်အထိ အရှုံးမပေးနဲ့
ပြေးတော့ အမေ "
အသက်ဆိုတာကလည်း
လုယူရမှ တန်ဖိုး ပိုရှိတာ...
မျက်လုံးထဲမှာ အိမ်လောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေ
တစ်ကိုယ်လုံးကို မီးတောက်လို ၀ါးမြိုခဲ့ပြီး
နားတွေထဲမှာတော့
ငရဲဟာ ပင်လယ်က လာတာလို့ ကြားနေရတယ်
"ပင်လယ်ကို မချစ်ပေမယ့်
ကျွန်မတို့ သားအမိတွေ ပင်လယ်မှာ နစ်ကြရတာပဲ"
"သားရေ...
သားလေး...
ဒီရွာမှာ သေမင်း လက်လှမ်း မမှီတဲ့ နေရာ
မရှိတော့ဘူးလားသားရေ"
"အစ်မက သူ့သားလေးကို ကုန်းမြင့်တဲ့ နေရာမှာတင်ပြီး
ထွက်ပြေးတယ်...
အမေရယ် ဘယ်အထိများပြေးနိုင်ခဲ့တာလဲ"
ကြွေးဟောင်းလည်းမဆပ်နိုင်ခဲ့
ကြွေးသစ်လည်း မချနိုင်ခဲ့တာ
ဟော့ဒီမုန်တိုင်းပါပဲ
ဒီရေ လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း တက်လိုက် ဆင်းလိုက်
အဆိပ်မြားလို မိုးရေစက်တွေက
ဘ၀အားလုံးကို စုတ်ပြတ်သွားစေခဲ့တယ်
"တိုက်နေတဲ့ လေကြမ်းတွေစဲ
ဒီလှိုင်းလုံးကြီးတွေ ပြန်ဆွဲသွားတော့
ကျွန်မဖက်ထားတဲ့ သစ်ပင်နဲ့ ကျွန်မကျောပြင်
ခွဲခြားလို့ရမယ် မထင်တော့ဘူး"
"အမေရယ် ၊ အစ်မရယ်၊ တူလေးရယ်
တစ်ရွာလုံးလည်း မြေပုံထဲက ဆွဲဖယ်ခံ ရသလို
ပျောက်ဆုံးသွားလိုက်တာ
အသက်ဆိုတာ
လှိုင်းရိုက်ပြီး သောင်စပ်မှာ လာတင်တဲ့
အမှိုက်တွေ လိုပါပဲ အမေ"
ရွာလေးတစ်ရွာပေါ့
ရက်လည် ဆွမ်းသွပ် ဖိတ်စာတစ်စောင်တည်းမှာ
နာမည်သုံးခု ရိုက်ထည့်ပြီး
မြစ်ဝကျွန်းပေါ်ရဲ့ အရိုင်းဆုံး သမိုင်း
မုန်တိုင်းကို သရုပ်ဖော်ခဲ့ကြတယ်။ ။
မင်းစိုးရာ
မေရဲ့ပန်းပွင့်(သို့မဟုတ်)ကမ်းပါးပေါ်က ကျွံကျသွားသော
နာဂစ်နေ့၊ နာဂစ်ည၊ နာဂစ်အလွန် ခံစားမှု ကဗျာများ. . .စာအုပ်မှ
ကျောင်းတွေပြန်ဖွင့်ကုန်ပြီ အေးမိစံ
ကျွန်မပြန်လာခဲ့မယ်ပြောပြီး
သူရောက်မလာတော့
ငါအရမ်းစိတ်ပူနေတယ်ကွာ. . .
မူလတန်းကျောင်းလေးနဲ့ ကလေးတွေက
ညှိုးငယ်စွာဖြင့်
ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့ . . .
ဟေ့ရောင်
နာဂစ်ဆိုတာ
အစွန်းရောက်အနက်ရောင်ကုန်သည်ကြီးတစ်ဦးပဲ
မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ်
ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမဝမ်းကွဲလေးလည်း
လိုက်ပါသွားတယ်
ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့
သူငယ်ချင်း အသိမိတ်ဆွေတွေကိုလည်း
အဲဒီကုန်သည်ကြီးက
တသီကြီး ဆွဲခေါ်သွားလေရဲ့ . . .
ကျော်သူ
ငါတို့ရဲ့ အိမ်ခေါင်းရင်းက
ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား
အခု ငါ့ရဲ့ဆံပင်တွေကနေ
မီးခိုးတွေ အရမ်းထွက်နေတယ်
သူသိထားတဲ့ ကျေးဇူးတရားတွေက
သူပြန်သန်းမယ့် အတောင်ပံတွေကို
ရေဆွတ်ပေးလိုက်တာလေ
သူပြောပြောနေတဲ့
ငါ့ရဲ့ရည်းစားဦးဟာ သူဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ
စိတ်ချ နင့်ကိုငါဘယ်တော့မှ မမေ့ပါဘူးအေးမိစံ
ဘယ်တော့မှမမေ့ပါဘူး
နွေးနွေးဘာလေးမွေးတယ်ဆိုတာလဲ
သူ မသိသွားရှာဘူး
(သူပြန်လာမယ်ပေါ့)
ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ
ငါးရက်အလိုလောက်က
ဖုန်းထဲမှာ ပြောသွားတဲ့
ငါ့ကို ပြောစရာစကားတွေ ရှိသေးတယ်ဆိုတာ
ဘာလဲ မသိဘူးကွာ
ဝဋ်ကြွေးပြေဘုရားဆီ
ငါ နောက်တစ်ခေါက်သွားတော့လည်း
နေညိုချိန်ထိ သူရောက်မလာခဲ့ဘူးလေ
ငါ့ရဲ့တစ်သက်
အဲဒီဘုရားမြေဟာ
ဘဝရဲ့လွမ်းစရာ အကောင်းဆုံး ဇုံပေပဲ
သူ့အပေါ်ထားတဲ့ ငါ၏ ချစ်ခြင်းများဖြင့်
သူမတစ်ယောက် ကောင်းရာ သုဂတိလားပါစေ. . .
ပိတောက်တွေ တစ်ကျော့ပြန်ပွင့်လို့
“ ဆရာမလေးကော” လို့မေးလာရင်
ငါဘယ်လိုပြန်ဖြေရမလဲ. . .ကျော်သူ
ငါအရမ်းလွမ်းတယ်ကွာ
လာမယ့် ဆောင်းဦးပေါက်
ကောက်ရိတ်သိမ်းပွဲတော်အပြီင်္း
တို့နှစ်ဦး မင်္ဂလာပွဲကို
သူတကယ် မတက်ရောက်နိုင်တော့ဘူးပေါ့
မတက်ရောက်နိုင်တော့ဘူးပေါ့. . .
“ဒါဝင်” ကို သတိရရင်တောင်
ဝက်စမင်စတာ ဘုရားကျောင်းထဲက
သူ့အုတ်ဂူဆီ သွားလို့ရတယ်
မော်ဒယ် “အန်နာနစ်ကိုလ်စမစ် ” ကို လွမ်းတဲ့အခါလည်း
ဘဟားမားကျွန်းပေါ်က
သူမရဲ့အုတ်ဂူလေးဆီ သွားလို့ရတယ်
အခု သူ့ကိုငါ လွမ်းနေပြီလေ
ဘယ်မလဲ သူမရဲ့ အုတ်ဂူ
ဘယ်မလဲ သူမရဲ့ အရိုးအိုး
ငါ မတရားမပြောပါဘူး
တို့နှစ်ယောက် ပြီးမှသာ
ရှိတ်စပီးယားပြဇာတ်ထဲက
ကောင်လေးနဲ့ ကောင်မလေးက
ဒုတိယ ကံအဆိုးဆုံးပါ
ကျော်သူ .....
ပွတ်ရှကင်တော့
နောက်ထပ် သေနတ်မှန် ခံရပြန်ပြီ. . .။
သူရနီ
(မေရဲ့ပန်းပွင့် . . .နာဂစ် ကဗျာစုစည်းမှုစာအုပ်မှ. . .)
ဒါပေမယ့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက်ကတော့ ပြန်တွေးကြည့်တိုင်း ဒဏ်ရာဟာ အစိမ်းသက်သက်ပဲ ရှိနေဦးမှာပါ။
ဒီနေ့ နာဂစ် နှစ်နှစ်ပြည့် အမှတ်တရ အနေနဲ့ ကျွန်တော် ကဗျာဖန်တီးသူ တစ်ယောက်အနေနဲ့ မုန်တိုင်း တိုက်ခတ်ပြီး ၆ရက် အကြာလောက်မှာ ကြုံတွေ့ ကြားသိခဲ့ရတဲ့ ရင်နင့်ဖွယ် အဖြစ်အပျက် တစ်ခုကို
စာနာ မျှဝေစိတ်နဲ့ ရေးသားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်နဲ့ အတူ ၊နာဂစ်မှာ ကြေကွဲရင်နာဖွယ် ပျောက်ကွယ်သွားခဲ့ရတဲ့ ချစ်သူကျောင်းဆရာမလေး အကြောင်း ရေးထားတဲ့ အစ်ကို သူရနီရဲ့ ကဗျာတစ်ပုဒ်ကို
အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။
ရွာလေးတစ်ရွာ
မေ့လျော့မှုတွေဟာ
ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ
လူ့အဖြစ်ကို သေချာဖို့ အတွက်
အဓိပ္ပါယ်မဲ့ လက်မှတ်တစ်စောင်
နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား
သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ
"ရော့ အမေ... အဲဒီမှာ ဂါလံပုံး
နောက်ဆုံး အချိန်အထိ အရှုံးမပေးနဲ့
ပြေးတော့ အမေ "
အသက်ဆိုတာကလည်း
လုယူရမှ တန်ဖိုး ပိုရှိတာ...
မျက်လုံးထဲမှာ အိမ်လောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေ
တစ်ကိုယ်လုံးကို မီးတောက်လို ၀ါးမြိုခဲ့ပြီး
နားတွေထဲမှာတော့
ငရဲဟာ ပင်လယ်က လာတာလို့ ကြားနေရတယ်
"ပင်လယ်ကို မချစ်ပေမယ့်
ကျွန်မတို့ သားအမိတွေ ပင်လယ်မှာ နစ်ကြရတာပဲ"
"သားရေ...
သားလေး...
ဒီရွာမှာ သေမင်း လက်လှမ်း မမှီတဲ့ နေရာ
မရှိတော့ဘူးလားသားရေ"
"အစ်မက သူ့သားလေးကို ကုန်းမြင့်တဲ့ နေရာမှာတင်ပြီး
ထွက်ပြေးတယ်...
အမေရယ် ဘယ်အထိများပြေးနိုင်ခဲ့တာလဲ"
ကြွေးဟောင်းလည်းမဆပ်နိုင်ခဲ့
ကြွေးသစ်လည်း မချနိုင်ခဲ့တာ
ဟော့ဒီမုန်တိုင်းပါပဲ
ဒီရေ လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း တက်လိုက် ဆင်းလိုက်
အဆိပ်မြားလို မိုးရေစက်တွေက
ဘ၀အားလုံးကို စုတ်ပြတ်သွားစေခဲ့တယ်
"တိုက်နေတဲ့ လေကြမ်းတွေစဲ
ဒီလှိုင်းလုံးကြီးတွေ ပြန်ဆွဲသွားတော့
ကျွန်မဖက်ထားတဲ့ သစ်ပင်နဲ့ ကျွန်မကျောပြင်
ခွဲခြားလို့ရမယ် မထင်တော့ဘူး"
"အမေရယ် ၊ အစ်မရယ်၊ တူလေးရယ်
တစ်ရွာလုံးလည်း မြေပုံထဲက ဆွဲဖယ်ခံ ရသလို
ပျောက်ဆုံးသွားလိုက်တာ
အသက်ဆိုတာ
လှိုင်းရိုက်ပြီး သောင်စပ်မှာ လာတင်တဲ့
အမှိုက်တွေ လိုပါပဲ အမေ"
ရွာလေးတစ်ရွာပေါ့
ရက်လည် ဆွမ်းသွပ် ဖိတ်စာတစ်စောင်တည်းမှာ
နာမည်သုံးခု ရိုက်ထည့်ပြီး
မြစ်ဝကျွန်းပေါ်ရဲ့ အရိုင်းဆုံး သမိုင်း
မုန်တိုင်းကို သရုပ်ဖော်ခဲ့ကြတယ်။ ။
မင်းစိုးရာ
မေရဲ့ပန်းပွင့်(သို့မဟုတ်)ကမ်းပါးပေါ်က ကျွံကျသွားသော
နာဂစ်နေ့၊ နာဂစ်ည၊ နာဂစ်အလွန် ခံစားမှု ကဗျာများ. . .စာအုပ်မှ
ကျောင်းတွေပြန်ဖွင့်ကုန်ပြီ အေးမိစံ
ကျွန်မပြန်လာခဲ့မယ်ပြောပြီး
သူရောက်မလာတော့
ငါအရမ်းစိတ်ပူနေတယ်ကွာ. . .
မူလတန်းကျောင်းလေးနဲ့ ကလေးတွေက
ညှိုးငယ်စွာဖြင့်
ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့ . . .
ဟေ့ရောင်
နာဂစ်ဆိုတာ
အစွန်းရောက်အနက်ရောင်ကုန်သည်ကြီးတစ်ဦးပဲ
မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ်
ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမဝမ်းကွဲလေးလည်း
လိုက်ပါသွားတယ်
ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့
သူငယ်ချင်း အသိမိတ်ဆွေတွေကိုလည်း
အဲဒီကုန်သည်ကြီးက
တသီကြီး ဆွဲခေါ်သွားလေရဲ့ . . .
ကျော်သူ
ငါတို့ရဲ့ အိမ်ခေါင်းရင်းက
ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား
အခု ငါ့ရဲ့ဆံပင်တွေကနေ
မီးခိုးတွေ အရမ်းထွက်နေတယ်
သူသိထားတဲ့ ကျေးဇူးတရားတွေက
သူပြန်သန်းမယ့် အတောင်ပံတွေကို
ရေဆွတ်ပေးလိုက်တာလေ
သူပြောပြောနေတဲ့
ငါ့ရဲ့ရည်းစားဦးဟာ သူဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ
စိတ်ချ နင့်ကိုငါဘယ်တော့မှ မမေ့ပါဘူးအေးမိစံ
ဘယ်တော့မှမမေ့ပါဘူး
နွေးနွေးဘာလေးမွေးတယ်ဆိုတာလဲ
သူ မသိသွားရှာဘူး
(သူပြန်လာမယ်ပေါ့)
ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ
ငါးရက်အလိုလောက်က
ဖုန်းထဲမှာ ပြောသွားတဲ့
ငါ့ကို ပြောစရာစကားတွေ ရှိသေးတယ်ဆိုတာ
ဘာလဲ မသိဘူးကွာ
ဝဋ်ကြွေးပြေဘုရားဆီ
ငါ နောက်တစ်ခေါက်သွားတော့လည်း
နေညိုချိန်ထိ သူရောက်မလာခဲ့ဘူးလေ
ငါ့ရဲ့တစ်သက်
အဲဒီဘုရားမြေဟာ
ဘဝရဲ့လွမ်းစရာ အကောင်းဆုံး ဇုံပေပဲ
သူ့အပေါ်ထားတဲ့ ငါ၏ ချစ်ခြင်းများဖြင့်
သူမတစ်ယောက် ကောင်းရာ သုဂတိလားပါစေ. . .
ပိတောက်တွေ တစ်ကျော့ပြန်ပွင့်လို့
“ ဆရာမလေးကော” လို့မေးလာရင်
ငါဘယ်လိုပြန်ဖြေရမလဲ. . .ကျော်သူ
ငါအရမ်းလွမ်းတယ်ကွာ
လာမယ့် ဆောင်းဦးပေါက်
ကောက်ရိတ်သိမ်းပွဲတော်အပြီင်္း
တို့နှစ်ဦး မင်္ဂလာပွဲကို
သူတကယ် မတက်ရောက်နိုင်တော့ဘူးပေါ့
မတက်ရောက်နိုင်တော့ဘူးပေါ့. . .
“ဒါဝင်” ကို သတိရရင်တောင်
ဝက်စမင်စတာ ဘုရားကျောင်းထဲက
သူ့အုတ်ဂူဆီ သွားလို့ရတယ်
မော်ဒယ် “အန်နာနစ်ကိုလ်စမစ် ” ကို လွမ်းတဲ့အခါလည်း
ဘဟားမားကျွန်းပေါ်က
သူမရဲ့အုတ်ဂူလေးဆီ သွားလို့ရတယ်
အခု သူ့ကိုငါ လွမ်းနေပြီလေ
ဘယ်မလဲ သူမရဲ့ အုတ်ဂူ
ဘယ်မလဲ သူမရဲ့ အရိုးအိုး
ငါ မတရားမပြောပါဘူး
တို့နှစ်ယောက် ပြီးမှသာ
ရှိတ်စပီးယားပြဇာတ်ထဲက
ကောင်လေးနဲ့ ကောင်မလေးက
ဒုတိယ ကံအဆိုးဆုံးပါ
ကျော်သူ .....
ပွတ်ရှကင်တော့
နောက်ထပ် သေနတ်မှန် ခံရပြန်ပြီ. . .။
သူရနီ
(မေရဲ့ပန်းပွင့် . . .နာဂစ် ကဗျာစုစည်းမှုစာအုပ်မှ. . .)
Wednesday, April 21, 2010
အဖျားသွေးငွေ့ငွေ့
ဒဏ်ရာဟာ ဇိမ်ခံပစ္စည်းတစ်ခုပဲ
ခြေထောက်သန်းပေါင်းများစွာ ကမ္ဘာမြေပေါ်ချခဲ့ကြ
ငါဟာ နာမ်စားမှဟုတ်ပါလေစ။ ။
မင်းစိုးရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ဧပြီ၊၂၀၁၀။
ခြေထောက်သန်းပေါင်းများစွာ ကမ္ဘာမြေပေါ်ချခဲ့ကြ
ငါဟာ နာမ်စားမှဟုတ်ပါလေစ။ ။
မင်းစိုးရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ဧပြီ၊၂၀၁၀။
Friday, April 9, 2010
အပျက်
သင်္ကြန်ရဲ့အရောင်က
အစိမ်းနဲ့အဝါ
စိတ်ကူးတည့်ရာ ပျော်ရွှင်မှုမှာ
တစ်နှစ်ပတ်လုံး သန့်ရှင်းခဲ့သမျှ
အညစ်အကြေးနဲ့ ဆေးကြောခဲ့ကြတယ်။ ။
်
မင်းစိုးရာ
ပိတောက်မြေမဂ္ဂဇင်း၊ဧပြီ၊2005
အစိမ်းနဲ့အဝါ
စိတ်ကူးတည့်ရာ ပျော်ရွှင်မှုမှာ
တစ်နှစ်ပတ်လုံး သန့်ရှင်းခဲ့သမျှ
အညစ်အကြေးနဲ့ ဆေးကြောခဲ့ကြတယ်။ ။
်
မင်းစိုးရာ
ပိတောက်မြေမဂ္ဂဇင်း၊ဧပြီ၊2005
Thursday, April 1, 2010
ခွဲခွာ
တိတ်ဆိတ်စွာ
တလွင့်လွင့်လှုပ်ခတ်နေတဲ့
ဇာပ၀ါခန်းဆီးလေးရယ် . ..
အမှောင်မလာခင်အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ...
ညနေတွေ အိပ်မက်ဆန်လွန်း
အပျော်ရွှင်ရဆုံးဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေလိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ ...
တမြေ့မြေ့စိုက်ဝင်လာတဲ့ဒဏ်ရာကိုပဲ
တယုတယချွန်မြနေရတယ်။ ။
မင်းစိုးရာ
ဖက်ရှင်မဂ္ဂဇင်း၊ဇွန်၊၂၀၀၉။
တလွင့်လွင့်လှုပ်ခတ်နေတဲ့
ဇာပ၀ါခန်းဆီးလေးရယ် . ..
အမှောင်မလာခင်အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ...
ညနေတွေ အိပ်မက်ဆန်လွန်း
အပျော်ရွှင်ရဆုံးဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေလိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ ...
တမြေ့မြေ့စိုက်ဝင်လာတဲ့ဒဏ်ရာကိုပဲ
တယုတယချွန်မြနေရတယ်။ ။
မင်းစိုးရာ
ဖက်ရှင်မဂ္ဂဇင်း၊ဇွန်၊၂၀၀၉။
Subscribe to:
Posts (Atom)