Posts

Showing posts from February, 2010

ဆင်းရဲသား ရနံ့ ကိုယ်တိုက် ဆပ်ပြာ

လေယာဉ်ပေါ်က ဆင်းတော့ မြို့ကြီးကို တန်းနင်းမိတယ် မဟုတ်လား ပြီးတော့ မြို့ စွန်မြို့ဖျား လမ်းမကျယ်ကြီးကနေ လမ်းကြိုလမ်းကြား သွေးကြာမကြီးကနေ သွေးကြောမျှင်လေးတွေကြား သွေးနဲ့ချွေးနဲ့ တိုးဝေ့လို့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း လမ်းတစ်ဖက် ဖြတ်ပြေးသွားတဲ့ တံလျှပ်တွေကို ငေးနေတယ် မင်းနေတာ ခြောက်ထပ်တိုက်မို့ တက်ရတာခြောက်ကပ်ကပ်ပါပဲ မြို့ရဲ့ လူနေမှုပုံစံမှာ တဖြည်းဖြည်း ပွယောင်းလာတဲ့ LP နဲ့ တဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ LT နဲ့ အရေပြားနဲ့ အရိုးကြား အဆီပိုတွေ များများလာတယ် အင်္ဂတေကြမ်းခင်းနဲ့ သင်ဖြူးဖျာကြား ဂျင်းဘောင်းဘီ အစုတ်တွေ များများလာတယ် လျှပ်စစ်သမားမို့ဝါယာကြိုးတွေ ပေါက်ပြဲနေတာလည်း ကျွတ်ကျဲရာမလို Software သမားမို့ Windows က ခဏခဏ ပြုတ်ကျ ခဏခဏ ပြန်တင် Hardware သမားမို့ Casing တစ်ခြား Circuit တစ်ခြား Drive တစ်ခြား ခေါင်းတစ်ခြား ကိုယ်တစ်ခြား ရုပ်တစ်ခြား နာမ်တစ်ခြား ခဏခဏ ပြုတ်ကျနေတဲ့ စိတ်ဓာတ်ကိုလည်း ခဏခဏ ပြန်တင်ထားတယ် ဘောလုံးဂျာနယ်ကို အိပ်ယာခင်းလုပ် တောင်ပံ မရှိတော့တဲ့ ငှက်လို ငုတ်တုတ် မေ့နေတယ် ကာရာအိုကေခန်းထဲ ကျွံဝင်နေတဲ့ ခြေထောက်တစ်ဖက်ကို ပြန်ဆွဲထုတ် သစ္စာတရားကို ခုတုံးလုပ်ဖို

မိုးသားတွေရဲ့ အဝေး

ကော်ဖီတစ်ခွက်၊ စီးကရက် လက်ကြားညှပ်ပြီး မှန်တံခါးရဲ့ အပြင်ဘက်ကို ငေးနေတယ် ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး သစ်သားပွတ်လုံး ထိုင်ခုံမှာထိုင်လို့ ပြောင်လက်နေတဲ့ သစ်သားပရိဘောဂ ကျွန်းစားပွဲပေါ်မှာ ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ ညဆယ့်နှစ်နာရီ တိတိကို 12:00 pm လို့ ချရေးလိုက်တယ် တွေးနေတဲ့ အတွေးထဲမှာ သစ်ပင်တွေ ဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့ ဒီနေရာမှာ သကြားအစား စကားတစ်ခွန်း နှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ ချိုသွားမယ့်ည ညောင်းညာလွန်း၊ ငြီးငွေ့လွန်း အစားအသောက်ရဲ့ အရသာဟာ အပြင်ထွက် လမ်းလျောက်နေရရှာတယ် အံ့သြဖွယ်၊ အံ့သြဖွယ်၊ အံ့သြဖွယ် အံ့သြဖွယ် ကောင်းလောက်အောင် အံ့သြဖွယ်တွေ ထပ်နေပြီ အံ့သြဖွယ် ကောင်းလောက်အောင် နာကျင်မှုကို မဖွဲ့ဆိုဖူးဘူးတဲ့ ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့ အံ့သြဖွယ် ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား အရင်ဘဝက ကျခဲ့တဲ့မျက်ရည်ဟာ ခု ခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ အံ့သြဖွယ် ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား အရင်ဘဝက ကြည့်ခဲ့တဲ့ မှန်ထဲမှာ အရင်ဘဝက ခင်ဗျားမျက်

ချမ်းသာတဲ့ ကလေးလေး

(၁) “ ငါချမ်းသာချင်တယ်၊ငါသာချမ်းသာရင် လမ်းပေါ်က ကလေးတွေကို နေစရာ၊ စားစရာ၊၀တ်စရာ၊ဆေး၊မေတ္တာနဲ့ အကြင်နာတွေပေးမှာ” ကျွန်မ မရပ်မနားတွေးနေတယ် ဘာမှမပိုင်ဆိုင်တဲ့ လမ်းပေါ်ကကလေးကတောင် သူပိုင်သမျှကိုမျှဝေပေးချင်တဲ့စိတ်ရှိသေးရင် အားလုံးကိုပိုင်ဆိုင်ထားတဲ့ ကျွန်မတို့က ဘာလို့များဒီလောက်လောဘကြီးနေကြဦးမှာလဲ နာရီ၊စက်ဘီး၊တီဗွီ၊ကွန်ပျူတာ ကနေဒါမှာ ကျွန်မတို့ဟာ စားဝတ်နေရေး ဖူလုံကြွယ်ဝတဲ့ဘ၀ လွန်ခဲ့တဲ့နှစ်ရက်က ဘရာဇီးလ်လမ်းပေါ်က ကလေးတွေနဲ့ အချိန်ပေးပြီးတွေ့ဖြစ်ခဲ့တယ် ၀ယ်လိုက်လွှင့်ပစ်လိုက်၊ ၀ယ်လိုက်လွှင့်ပစ်လိုက် ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ဟာ ဖြုန်းတီးနေပါတယ် မြောက်ဖျားတိုင်းပြည်တွေက လိုအပ်နေသူတွေနဲ့မျှဝေသုံးစွဲတာမျိုး လိုတာထက်ပိုလျှံနေသည့်တိုင်အောင် ကိုယ့်ချမ်းသာသမျှထဲက ဖဲ့ပေးလိုက်ဖို့ကို တွန့်ဆုတ်နေကြပါသေးတယ် ကျွန်မကဒေါသတွေနဲ့ ကန်းမနေပါဘူး ၊ သောကတွေကလည်း ခံစားချက်အမှန်အတိုင်း ကမ္ဘာကိုထုတ်မပြောဖို့ မတားဆီးနိုင်ပါဘူး (၂) ကိုယ့်စရိတ်ကိုယ်ရှာ ကနေဒါကနေ ရီယိုမြို့တော်အထိ မိုင်ခြောက်ထောင်ခရီး သင်လူကြီးမင်းတို့ရဲ့ အပြုအမူ ၊ အကျင့်အကြံတွေကို ပြောင်းလဲရမယ်ဆိုတာ ပြောပြဖို့လာခဲ့တ

ပျင်းနေပြီမဟုတ်လား

စောင့်မျှော်နေတဲ့ နေကြာတွေ ပျင်းနေပြီ မဟုတ်လား ပျောက်နေတဲ့ အပိုင်းအစတွေ မလိုအပ်ရင် ရောက်ရောက်လာပြီး လိုအပ်ရင် ပျောက်မြဲပျောက်လို့ အရေးတကြီး တိုက်ဆိုင် စစ်ဆေးမှုမှန်သမျှ လွဲမှား ကွာခြားချက်တွေ မပြောဖြစ်တော့သော စကားများလို ရောဂါဘယတွေ၊ မမေးဖြစ်တော့သောမေးခွန်းများလို မွတ်သိပ်မှုတွေ ပျင်းနေပြီမဟုတ်လား သေနေတဲ့ပုံစံအတိုင်း စောင့်နေတယ်လေ. . .ရောက်မလာတာတွေကို ကိုယ့်ကိုယ်ကိုယ် အရိုးစုဆိုတာ မမေ့အောင် ခဏခဏ ဓာတ်မှန်ရိုက်ကြည့်နေတယ် ရိုးသားရတာကို ငြီးငွေ့သွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေတယ် ပင်မရေစီးကို ငြီးငွေ့သွားပြီလား၊အဖြူအမဲ တီဗွီလေးကို ငြီးငွေ့သွားပြီလား၊ရည်မှန်းချက်တွေကို၊ပျော်စရာတွေကို၊ လိမ္မာယဉ်ကျေး ချိုသားအေးကို၊ ဘီယာနဲ့အရက်ကို ၊ နေ့စဉ်ဘဝကို၊သူကလွဲတဲ့ဖွဲဆန်ကွဲကို၊ချောင်ပိတ်ရိုက်တဲ့မေးခွန်းတွေကို၊ ကောင်းကျိုးမပေးတဲ့ကောင်မကို၊အိပ်ယာစောစောထရတာကို၊ပတ်ဝန်းကျင်ကို၊အသက်ရှင်နေရတာကို ငြီးငွေ့သွားပြီလား တစ်နေ့လုံးစားလို့မရ သွားလို့မရ ဘာများဖြစ်နေပြီလဲ ဘယ်များရောက်နေပြီလဲ မျှော်နေရတဲ့စိုးရိမ်စိတ်ကြီး ငြီးငွေ့သွားပြီလား ရောက်တဲ့အရပ်ကဖုန်းဆက်လိုက်ပါလား မင်းမျက်ရည်တွေ. . .၊ပျော်အောင်နေ အ