Posts

Showing posts from 2010

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ

ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲ ဆွဲထည့်နေပြန်ပြီ အချိန်အခါ နေရာဒေသ မရွေး တင်နေတဲ့ ရန်ကြွေးကို လက်တုန့်ပြန်ဖို့ သစ်ပင်မြန်မြန်စိုက်၊ မသေခင် အရိပ်လည်းနေရ အခက်လည်းချိုးရ မကြာခဏ ထထပေါက်နေတဲ့ ကားဗုံးတွေအတွက် မကြာခဏ ထထလှုပ်နေတဲ့ မြေငလျင်တွေအတွက် မကြာခဏ ထထတိုက်နေတဲ့ ဆိုင်ကလုန်းတွေအတွက် ငါတို့မြို့ကြီးကတော့ စိုးရိမ်ပူပန်လို့ ငါတို့မြို့ကြီးကတော့ ပူလို့သေတော့မှာပဲ လ္ဘက်ရည်ဆိုင်မှာ ဧည့်ခန်းဖွဲ့ ရေဒီယို နားထောင်ရင်း ကမ္ဘာပတ်၊ဂျာနယ်ဖတ်ရင်း အပန်းဖြေ အင်တာနက်ဆိုင် သေးသေးလေးထဲကနေ ကမ္ဘာအကြီးကြီးကို ချောင်းကြည့်နေရရှာတဲ့ ငါတို့မြို့ကြီးကတော့ ကျွတ်ကျဲနေပါပြီ ငါပျော်နေတဲ့အချိန် ငါ့မိသားစု၊ ငါ့ပတ်ဝန်းကျင်၊ ငါ့ဆွေမျိုး အသိုင်းအဝိုင်းတွေ ပျော်နေပါ့မလား ငါပျော်နေတဲ့အချိန် ငါ့ချစ်သူ၊ ငါ့မုန်းသူ၊ ငါ့ရန်သူတွေ ပျော်နေပါ့မလား ငါတို့ ဂြိုလ်ပြာကြီးကတော့ တဖြည်းဖြည်း ပျော်ပျော်ကျ တာဝန်မဲ့ ရပ်ကွက်ထဲက ထွက်ပြေးသွားတဲ့ ဂျင်းဘောင်းဘီ အစုတ်တစ်ထည်လို စိတ်ဓါတ် ပျက်ပြားနေတဲ့ တီရှပ်အနက် တစ်ထည်လို ငါဟာ ရှုံးပွဲကို အချိန်ဆွဲကစားမိသူ နောက်တန်းသမား သူဖုန်းစားလည်း လက်ညှိုးထိုးခံရ သူရဲကောင်းလည်း လက်ညှိုးထို

ဒါဆိုရင်မုန့်လုံးကိုစက္ကူကပ်ကြပါစို့

လူတစ်ယောက်ရဲ့ ပါးကိုရိုက်ဖို့ ခင်ဗျားမှာ သတ္တိရှိပြီလား အခြားအရာတွေနဲ့ ရောနှောမထားရန် ခြောက်သွေ့သော၊ သတ်မှတ်အပူချိန်၊ ပတ်ဝန်းကျင်နှင့် စိုထိုင်းဆ အမျိုးအစားခွဲခြားထားပါ ကလေးငယ်တွေရဲ့ဝေးဝေးမှာ ဆေးကိုအစာစားပြီးမှသောက်ရန် ဆရာဝန်ညွှန်ကြားချက်အရ အိမ်ထောင်ပြုရန်/အမှိုက်ပစ်ရန်။ ပွဲမ၀င်ခင် အပြင်၌ ကျင်းပခဲ့ကြသော်လည်း တကယ့်ပွဲကျ အိုးနင်းခွက်နင်း သံလမ်းမှတ်တိုင် ဆင်း၍လမ်းလျှောက်ခဲ့ပါ အဆောင်မှာ သူငယ်ချင်းတို့အတွက် Time Table ရှိသည်။ သစ်ပင်ခုတ်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်(ကမ္ဘာ) ကွာခြားချက်ရှိပါသလား ခင်ဗျားက အနားတိုးလာသော်လည်း အတိုးတွေက နားမသွား ခြေသလုံးက ပြတ်သွားတဲ့ အကြောတွေလို ဆင်းရဲမွဲတေမှုနေရာမှာ တခြားဘယ်အရာမှ အစားထိုးစရာ မရှိတော့ပြီ။ အင်အားကြီး ဥရုဂွေးအနေနဲ့ ၁၆သင်းအဆင့်ကို အလွယ်တကူထင်ခဲ့သော်လည်း ကစားကွက် အသာစီးမရဘဲ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည် ဘောလုံးပိုင်ဆိုင်မှုအသာ၊ စိတ်ဓါတ်ပိုင်းနှင့် အသင်းလိုက်စုစည်းမှု၊သက်လုံကောင်းမွန်သော်လည်း အဆုံးသတ်မသေချာမှုကြောင့် လေယာဉ်သည် တောင်ကိုရီးယားသို့ စောစီးစွာပျံသန်းခဲ့သည်။ မျက်ရည်ကျနေရပါသလား တောင်အာဖရိကရနံ

အခု ခင်ဗျားကြုံ / တွေ့နေတဲ့ ပြဿနာရဲ့ အစ

အစလေးတစ်စ အစင်းကြောင်းလေးတစ်ခု သတ္တုဟာ အက်လာတယ် အက်ရာလေးကိုကြောင်း/ကျောင်းပေးရင်း အက်ကြောင်းရာလေး ဖြစ်လာတယ် ရှေ့တိုးလာတယ် ရွေ့လာတယ် တဖြည်းဖြည်း မှိန်ဖျော့လာတဲ့ အသားအရေမှာ ဓါးခုတ်ရာလို ဆေးမင်ကြောင်ဟာ တဟုန်ထိုး တဟုန်ထိုး ကြွလာတယ် ၊ လင်းလာတယ် အစင်းကြောင်းတွေ တစ်ရစ်ချင်း တစ်လွှာချင်း မြေဆီလွှာကို လွှာယူလိုက်ရင် တေ့ဆက်လား ချိတ်ဆက်လား ကွဲကွဲပြားပြား ကွဲပြားလာတဲ့ အသားအရောင်တွေ ကြားထဲမှာ သတ္တုဟာ ချွန်မြလာပြီး သိမှုနယ်ပယ်ရဲ့ အတွင်းသားထဲ အထိ စူးစမ်း စူးနေတဲ့ အစလေးကို စမ်းလိုက်မိတဲ့အခါ ဘာသာစကားဟာ တေ့ဆက်လား ချိတ်ဆက်လား လှလိုက်တာလို့ မညည်းတွားဝံ့အောင် လှ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘဲနဲ့တော့ ရပ်မသွားဘူး ဘာမှမဖြစ်ဘဲနဲ့တော့ ဆက်မသွားဘူး ဘာမှမဖြစ်ဘဲနဲ့တော့ TITANIC သင်္ဘောကြီး မြုပ်မသွားဘူး ဓာတ်ပုံရိုက်ယူပြီး ပြတင်းပေါက်ကို ပိတ်လိုက်တယ် အမြင်/အမျှင်ဟာ ပြတ်မသွားဘူး အလျင်ဟာ ရပ်မသွားဘူး တိမ်တွေ။ ။ မင်းစိုးရာ 10.6.2010

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ 2008.မေလ၊ 2 ရက်နဲ့ 3 ရက်တွေမှာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ခုဆို နှစ်နှစ် တိုင်ခဲ့ပါပြီ။ ဒါပေမယ့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက်ကတော့ ပြန်တွေးကြည့်တိုင်း ဒဏ်ရာဟာ အစိမ်းသက်သက်ပဲ ရှိနေဦးမှာပါ။ ဒီနေ့ နာဂစ် နှစ်နှစ်ပြည့် အမှတ်တရ အနေနဲ့ ကျွန်တော် ကဗျာဖန်တီးသူ တစ်ယောက်အနေနဲ့ မုန်တိုင်း တိုက်ခတ်ပြီး ၆ရက် အကြာလောက်မှာ ကြုံတွေ့ ကြားသိခဲ့ရတဲ့ ရင်နင့်ဖွယ် အဖြစ်အပျက် တစ်ခုကို စာနာ မျှဝေစိတ်နဲ့ ရေးသားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်နဲ့ အတူ ၊နာဂစ်မှာ ကြေကွဲရင်နာဖွယ် ပျောက်ကွယ်သွားခဲ့ရတဲ့ ချစ်သူကျောင်းဆရာမလေး အကြောင်း ရေးထားတဲ့ အစ်ကို သူရနီရဲ့ ကဗျာတစ်ပုဒ်ကို အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။ ရွာလေးတစ်ရွာ မေ့လျော့မှုတွေဟာ ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ လူ့အဖြစ်ကို သေချာဖို့ အတွက် အဓိပ္ပါယ်မဲ့ လက်မှတ်တစ်စောင် နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ "ရော့ အမေ... အဲဒီမှာ ဂါလံပုံး နောက်ဆုံး အချိန်အထိ အရှုံးမပေးနဲ့ ပြေးတော့ အမေ " အသက်ဆ

အဖျားသွေးငွေ့ငွေ့

ဒဏ်ရာဟာ ဇိမ်ခံပစ္စည်းတစ်ခုပဲ ခြေထောက်သန်းပေါင်းများစွာ ကမ္ဘာမြေပေါ်ချခဲ့ကြ ငါဟာ နာမ်စားမှဟုတ်ပါလေစ။ ။ မင်းစိုးရာ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ဧပြီ၊၂၀၁၀။

အပျက်

သင်္ကြန်ရဲ့အရောင်က အစိမ်းနဲ့အဝါ စိတ်ကူးတည့်ရာ ပျော်ရွှင်မှုမှာ တစ်နှစ်ပတ်လုံး သန့်ရှင်းခဲ့သမျှ အညစ်အကြေးနဲ့ ဆေးကြောခဲ့ကြတယ်။ ။် မင်းစိုးရာ ပိတောက်မြေမဂ္ဂဇင်း၊ဧပြီ၊2005

ခွဲခွာ

တိတ်ဆိတ်စွာ တလွင့်လွင့်လှုပ်ခတ်နေတဲ့ ဇာပ၀ါခန်းဆီးလေးရယ် . .. အမှောင်မလာခင်အဆောင်ပြတင်းဝက ပြာလဲ့လဲ့ရီဝေ... ညနေတွေ အိပ်မက်ဆန်လွန်း အပျော်ရွှင်ရဆုံးဇာတ်ဝင်သီချင်းလေးရယ် မှန်ကွဲစတွေလိုက်ကောက်မိတော့မှ ညဟာ ချောက်ခြားစရာ အနီရောင်တဲ့ သူ့မျက်တောင်လေးတွေဘယ်လောက်ရှည်ရှည် သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ ရင်ထဲ ... တမြေ့မြေ့စိုက်ဝင်လာတဲ့ဒဏ်ရာကိုပဲ တယုတယချွန်မြနေရတယ်။ ။ မင်းစိုးရာ ဖက်ရှင်မဂ္ဂဇင်း၊ဇွန်၊၂၀၀၉။

အနီတစ်ခြမ်း အနက်တစ်ခြမ်း/ တစ်ခြမ်းအနီ တစ်ခြမ်းအနက်

ပြည်လမ်းပေါ် တိုးနေတဲ့သွေးနဲ့ဖိနင်းပစ်ခဲ့တယ် ယဉ်ကျေးဖို့ခွင့်ပြုမထားတဲ့ လူ့အဖွဲ့အစည်းမှာ သေအောင်အတာလည်းငါ ဒီမှာ ဒီမှာ ၊ ဒီလို ဒီလိုနဲ့ သွေးအေးခဲ့ပြီ အရူးစိတ်တစ်ဝက်နဲ့လမ်းဖြတ်ကူးခဲ့ပြီ ကွေ့ဝင်သွားတဲ့အချိုးအကွေ့မှာ အခိုးအငွေ့လိုလွတ်မြောက်ဖို့ ညဉ်းတွားနေတဲ့သူငယ်ချင်းကို တောက်ထုတ်မိမယ် ပါဒတွေရှည် ၊ ဘဝတွေရှည် ၊ သံသရာကလည်းအပြန်တစ်ရာမကဘဲရှည် ရချင်နေတဲ့အရသာဆိုတာ ဘယ်သူရခဲ့ဖူးတဲ့အရသာလဲ စာသားကလျှာယားစရာကောင်းလွန်းလို့ စာသားကိုလျှာဖျားနဲ့တောင်မတို့ရဲ အခု တစ်ခုခုဖြစ်နေပြီ အခုတစ်ခုခုတော့ ခုနေပြန်ပြီ ပြင်ထား ဖျက်ထား စီထားတာတွေနဲ့ဆက်ကြည့်တယ် ဟိုးတုန်းကလား မနေ့ကလား မနက်ဖြန်ကလား လာနေတာ တစ်နေ့ပြီးတစ်နေ့ ရွေ့ ရွေ့ နေတာလည်း တစ်နေ့ပြီးတစ်နေ့ ရွှေ့ ရွှေ့ နေလို့ပါပဲ ပိုက်ဆံမရှိလို့လား ရည်းစားနဲ့အဆက်အသွယ်မရလို့လား အိမ်လွမ်းလို့လား အလုပ်မှာအဆင်မပြေလို့လား ဒါမှမဟုတ်လား ရောက်ရောက်နေတာ သစ်ရွက်ခြောက်လေး လွင့်နေအောင် လွှင့်ထားတယ် ထီးထီးကြီးကျန်လို့ တစ်ယောက်တည်းမနက်ဖြန် တစ်ယောက်တည်းဒီနေ့ တစ်ယောက်တည်းမနေ့က အိပ်မရပြုမရည ငယ်ငယ်ကလွယ်လွယ်တွေးခဲ့တာတွေလည်းခုလေးလေးတွဲ့တွဲ့ရယ် မေ့ခဲ့တယ် တစ်မေ့ပြီးတစ်မေ့

သိုးမည်း

တစ်လှေလုံးပုပ်မယ့် ငါးခုံးမလေးတစ်ကောင် မှောင်နေတော့ ကိုယ့်အရိပ်ကိုယ်မမြင်ရဘူး ဆံပင်တွေရှည်ပြန်ပေါ့ ဖိနပ်ပြတ်ပြန်ပေါ့ ဆွေပြမျိုးပြထဲ ငေါထွက်နေတဲ့ အစွန်းတစ်စ ပျော်ရွှင်မှုဟာငါ့ဆီမှာနေဖို့ ပျော်ရွှင်ပုံမရဘူး အခုစဉ်းစားနေတာ... ခန္တာကိုယ်မှာ ဘယ်အစိတ်အပိုင်းကိုဖြတ်တောက်ပစ်လိုက်ရင် အညံ့တွေပျောက်မလဲ တစ်ယောက်တည်းတွန်းရွှေ့ရတဲ့ မျက်နှာမွဲမွဲ တစ်ကမ္ဘာ ကျောက်ခဲလေးနှစ်လုံးနဲ့ မီးခတ်ကူးစက်ခဲ့ပေါ့ ဒဏ်ရာ...။ ။ မင်းစိုးရာ ဖက်ရှင်မဂ္ဂဇင်း၊မတ်၊2010။

နာမည်ကိုရွတ်ရင်းမျက်ရည်ကျ

ဘာဖြစ်နေမှန်းမသိရတော့ ဘာမဆိုဖြစ်နိုင်မှန်း သိနေရတယ် ခန္တာကိုယ်မှာ အစိတ်အပိုင်းတစ်ခုလိုနေသလို ငါ့မှာလိုအပ်လို့ တဆစ်ဆစ်ကိုက်ခဲနေတဲ့ အကြောင်းအရာ ဦးနှောက်ကို ဝေဒနာနဲ့တမြေ့မြေ့လာစားတယ် ဟိုတွေးဒီတွေး တောင်တွေးမြောက်တွေး ပြေးလွှားနေရတယ် အမှောင်ဆိုတော့ ထိစမ်းမိသမျှက ကိုယ်ထင်ထားတဲ့အတိုင်းလားလို့ ယောင်မှားမိပါတယ် မခေါ်ဘူး မပြောဘူး တံခါးကိုဆွဲပိတ် ကိုယ့်အရိပ်ကိုယ်ချုံ့ကြည့်တော့ အိပ်ယာပေါ် ခွေခေါက်နေတာ အလျင်စလိုပြေးထွက်သွားတာ အ၀တ်အစားတွေ နံစော်ကြေမွနေတာ ဆံပင်တွေကို ဆွဲဆန့်နေတာ ရယ်နေရင်း အကြောင်းမဲ့ရပ်တန့်ငေးဝေသွားတာ ဖုန်းကြိုးတွေဆီတွားတက်နေတာ ကတ္တရာလမ်းကို ကျောပိုးအိတ်ထဲခေါက်ထည့်နေတာ မြန်မြန်စား မြန်မြန်သွားပြီး မြန်မြန်ပြန်ရောက်မလာတာ မရောက်တဲ့အရပ်ဆီ ထွက်ခွာသွားပြီး ရောက်ရာအရပ်မှာ ရပ်တန့်နေတာ ရပ်တန့်တိုင်းမှာ အဓိပ္ပာယ်ကင်းမဲ့လျှက် အဓိပ္ပာယ်တိုင်းမှာ သေဆုံးသွားခဲ့ရတာ အသက်ရှင်နေစဉ်မှာ နာမည်ကိုရွတ်ရင်း နာမည်ကိုရွတ်ရင်း သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ တိတ်ဆိတ်စွာ . . . သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ အသက်ရှင်စဉ်မှာ ပျော်သလိုလိုရယ်မောရင်း ရယ်သလိုလိုမျက်ရည်ကျ အလွမ်းရယ် ချစ်ခြင်းက Fib

ဆုတ်ဖြဲခံရတဲ့အရိပ်

ငှက်တွေ အိပ်တန်းဆီပြန်ကြတယ် ကျွန်တော့်ရဲ့အငေးမှာ အဝေးကလမ်းလေး ကြမ်းတမ်းလို့ ညနေခင်းတွန့်ခေါက်မြစ်ရေထဲ သူငယ်ချင်းတစ်ယောက်ရဲ့သတင်း စီးဆင်းမလာနိုင်တော့ဘူး။ အချစ်ဆိုတာ ဘုရားတက် ဆီမီ၊ပန်း၊ရေချမ်းကပ်လှူပြီး မပြည့်သောဆုတွေတောင်းယူရသလိုမျိုး သူငယ်ချင်းရေ. . . ဘာသံမှမကြားရဘဲ မင်းလည်းပြိုကျခဲ့ရတယ်။ ငါတို့ဘဝတွေကလူငယ် သီချင်းတစ်ပုဒ်ကို ကျိန်စာသင့်သလိုချစ်တတ်တယ် စူးစမ်းသင်ယူတတ်တယ် သိမ်မွေ့ခံစားတတ်တယ် ငြင်းဆန်ပေါက်ကွဲတတ်တယ် ပြီးတော့ ကျိန်းသေ အသဲကွဲတတ်တယ်။ လက်ဖက်ရည်ဆိုင်တွေမှာ ငါတို့ပြောခဲ့တဲ့အကြောင်းအရာတွေက "အချစ်" တဲ့ ဘယ်မြစ်ကိုမဆို ရေစီးသန်စေတယ် ဒီတစ်နှစ်လုံးမှာ အတွင်ကျယ်ဆုံးစကားက "မိုးခါးရေ" ၊ မီးလောင်နေတဲ့ နှလုံးသားပေါ် အနမ်းနဲ့တက်ရမယ်ဆိုတဲ့ မာယာကော့(ဖ)စကီးရဲ့" ဘောင်းဘီဝတ် မိုးတိမ်" ငါတို့အိမ်ပြန်ချိန်တွေအပေါ် ရွာချခဲ့ပုံဟာ မှတ်သားဖွယ်ရာ မိုးရေချိန်ပေါ့။ အခုတော့ မင်းမရှိတဲ့စကားဝိုင်းမှာ မင်းအကြောင်းခေါင်းစဉ်တစ်ခုနဲ့ ငါတို့အပြုံးတွေဆို့နင့် မင်းချစ်သူရဲ့အပါးကနေ မင်းရိပ်ဟာ ထွက်ခွာရချေပေါ့ တိတ်တဆိတ်. . . မင်းလွယ်အိတ်ထဲမေ့ကျန်ခဲ့တဲ့ က

ညနေ

ရစ်ဘီးကထွက်ခွာသွားတဲ့ ကြိုးစကိုသာမြင်ရပြီး စွန်ကိုမမြင်ရ အမြင့်ဆုံးထိလွှတ်တင် ပြီးခါမှ အမြင့်ဆုံးမှာပြတ်တောက်ခဲ့ရ စက္ကူလေတံခွန်။ ။ မင်းစိုးရာ 2005

ဆင်းရဲသား ရနံ့ ကိုယ်တိုက် ဆပ်ပြာ

လေယာဉ်ပေါ်က ဆင်းတော့ မြို့ကြီးကို တန်းနင်းမိတယ် မဟုတ်လား ပြီးတော့ မြို့ စွန်မြို့ဖျား လမ်းမကျယ်ကြီးကနေ လမ်းကြိုလမ်းကြား သွေးကြာမကြီးကနေ သွေးကြောမျှင်လေးတွေကြား သွေးနဲ့ချွေးနဲ့ တိုးဝေ့လို့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း လမ်းတစ်ဖက် ဖြတ်ပြေးသွားတဲ့ တံလျှပ်တွေကို ငေးနေတယ် မင်းနေတာ ခြောက်ထပ်တိုက်မို့ တက်ရတာခြောက်ကပ်ကပ်ပါပဲ မြို့ရဲ့ လူနေမှုပုံစံမှာ တဖြည်းဖြည်း ပွယောင်းလာတဲ့ LP နဲ့ တဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ LT နဲ့ အရေပြားနဲ့ အရိုးကြား အဆီပိုတွေ များများလာတယ် အင်္ဂတေကြမ်းခင်းနဲ့ သင်ဖြူးဖျာကြား ဂျင်းဘောင်းဘီ အစုတ်တွေ များများလာတယ် လျှပ်စစ်သမားမို့ဝါယာကြိုးတွေ ပေါက်ပြဲနေတာလည်း ကျွတ်ကျဲရာမလို Software သမားမို့ Windows က ခဏခဏ ပြုတ်ကျ ခဏခဏ ပြန်တင် Hardware သမားမို့ Casing တစ်ခြား Circuit တစ်ခြား Drive တစ်ခြား ခေါင်းတစ်ခြား ကိုယ်တစ်ခြား ရုပ်တစ်ခြား နာမ်တစ်ခြား ခဏခဏ ပြုတ်ကျနေတဲ့ စိတ်ဓာတ်ကိုလည်း ခဏခဏ ပြန်တင်ထားတယ် ဘောလုံးဂျာနယ်ကို အိပ်ယာခင်းလုပ် တောင်ပံ မရှိတော့တဲ့ ငှက်လို ငုတ်တုတ် မေ့နေတယ် ကာရာအိုကေခန်းထဲ ကျွံဝင်နေတဲ့ ခြေထောက်တစ်ဖက်ကို ပြန်ဆွဲထုတ် သစ္စာတရားကို ခုတုံးလုပ်ဖို

မိုးသားတွေရဲ့ အဝေး

ကော်ဖီတစ်ခွက်၊ စီးကရက် လက်ကြားညှပ်ပြီး မှန်တံခါးရဲ့ အပြင်ဘက်ကို ငေးနေတယ် ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး သစ်သားပွတ်လုံး ထိုင်ခုံမှာထိုင်လို့ ပြောင်လက်နေတဲ့ သစ်သားပရိဘောဂ ကျွန်းစားပွဲပေါ်မှာ ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ ညဆယ့်နှစ်နာရီ တိတိကို 12:00 pm လို့ ချရေးလိုက်တယ် တွေးနေတဲ့ အတွေးထဲမှာ သစ်ပင်တွေ ဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့ ဒီနေရာမှာ သကြားအစား စကားတစ်ခွန်း နှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ ချိုသွားမယ့်ည ညောင်းညာလွန်း၊ ငြီးငွေ့လွန်း အစားအသောက်ရဲ့ အရသာဟာ အပြင်ထွက် လမ်းလျောက်နေရရှာတယ် အံ့သြဖွယ်၊ အံ့သြဖွယ်၊ အံ့သြဖွယ် အံ့သြဖွယ် ကောင်းလောက်အောင် အံ့သြဖွယ်တွေ ထပ်နေပြီ အံ့သြဖွယ် ကောင်းလောက်အောင် နာကျင်မှုကို မဖွဲ့ဆိုဖူးဘူးတဲ့ ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့ အံ့သြဖွယ် ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား အရင်ဘဝက ကျခဲ့တဲ့မျက်ရည်ဟာ ခု ခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ အံ့သြဖွယ် ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား အရင်ဘဝက ကြည့်ခဲ့တဲ့ မှန်ထဲမှာ အရင်ဘဝက ခင်ဗျားမျက်

ချမ်းသာတဲ့ ကလေးလေး

(၁) “ ငါချမ်းသာချင်တယ်၊ငါသာချမ်းသာရင် လမ်းပေါ်က ကလေးတွေကို နေစရာ၊ စားစရာ၊၀တ်စရာ၊ဆေး၊မေတ္တာနဲ့ အကြင်နာတွေပေးမှာ” ကျွန်မ မရပ်မနားတွေးနေတယ် ဘာမှမပိုင်ဆိုင်တဲ့ လမ်းပေါ်ကကလေးကတောင် သူပိုင်သမျှကိုမျှဝေပေးချင်တဲ့စိတ်ရှိသေးရင် အားလုံးကိုပိုင်ဆိုင်ထားတဲ့ ကျွန်မတို့က ဘာလို့များဒီလောက်လောဘကြီးနေကြဦးမှာလဲ နာရီ၊စက်ဘီး၊တီဗွီ၊ကွန်ပျူတာ ကနေဒါမှာ ကျွန်မတို့ဟာ စားဝတ်နေရေး ဖူလုံကြွယ်ဝတဲ့ဘ၀ လွန်ခဲ့တဲ့နှစ်ရက်က ဘရာဇီးလ်လမ်းပေါ်က ကလေးတွေနဲ့ အချိန်ပေးပြီးတွေ့ဖြစ်ခဲ့တယ် ၀ယ်လိုက်လွှင့်ပစ်လိုက်၊ ၀ယ်လိုက်လွှင့်ပစ်လိုက် ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ဟာ ဖြုန်းတီးနေပါတယ် မြောက်ဖျားတိုင်းပြည်တွေက လိုအပ်နေသူတွေနဲ့မျှဝေသုံးစွဲတာမျိုး လိုတာထက်ပိုလျှံနေသည့်တိုင်အောင် ကိုယ့်ချမ်းသာသမျှထဲက ဖဲ့ပေးလိုက်ဖို့ကို တွန့်ဆုတ်နေကြပါသေးတယ် ကျွန်မကဒေါသတွေနဲ့ ကန်းမနေပါဘူး ၊ သောကတွေကလည်း ခံစားချက်အမှန်အတိုင်း ကမ္ဘာကိုထုတ်မပြောဖို့ မတားဆီးနိုင်ပါဘူး (၂) ကိုယ့်စရိတ်ကိုယ်ရှာ ကနေဒါကနေ ရီယိုမြို့တော်အထိ မိုင်ခြောက်ထောင်ခရီး သင်လူကြီးမင်းတို့ရဲ့ အပြုအမူ ၊ အကျင့်အကြံတွေကို ပြောင်းလဲရမယ်ဆိုတာ ပြောပြဖို့လာခဲ့တ

ပျင်းနေပြီမဟုတ်လား

စောင့်မျှော်နေတဲ့ နေကြာတွေ ပျင်းနေပြီ မဟုတ်လား ပျောက်နေတဲ့ အပိုင်းအစတွေ မလိုအပ်ရင် ရောက်ရောက်လာပြီး လိုအပ်ရင် ပျောက်မြဲပျောက်လို့ အရေးတကြီး တိုက်ဆိုင် စစ်ဆေးမှုမှန်သမျှ လွဲမှား ကွာခြားချက်တွေ မပြောဖြစ်တော့သော စကားများလို ရောဂါဘယတွေ၊ မမေးဖြစ်တော့သောမေးခွန်းများလို မွတ်သိပ်မှုတွေ ပျင်းနေပြီမဟုတ်လား သေနေတဲ့ပုံစံအတိုင်း စောင့်နေတယ်လေ. . .ရောက်မလာတာတွေကို ကိုယ့်ကိုယ်ကိုယ် အရိုးစုဆိုတာ မမေ့အောင် ခဏခဏ ဓာတ်မှန်ရိုက်ကြည့်နေတယ် ရိုးသားရတာကို ငြီးငွေ့သွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေတယ် ပင်မရေစီးကို ငြီးငွေ့သွားပြီလား၊အဖြူအမဲ တီဗွီလေးကို ငြီးငွေ့သွားပြီလား၊ရည်မှန်းချက်တွေကို၊ပျော်စရာတွေကို၊ လိမ္မာယဉ်ကျေး ချိုသားအေးကို၊ ဘီယာနဲ့အရက်ကို ၊ နေ့စဉ်ဘဝကို၊သူကလွဲတဲ့ဖွဲဆန်ကွဲကို၊ချောင်ပိတ်ရိုက်တဲ့မေးခွန်းတွေကို၊ ကောင်းကျိုးမပေးတဲ့ကောင်မကို၊အိပ်ယာစောစောထရတာကို၊ပတ်ဝန်းကျင်ကို၊အသက်ရှင်နေရတာကို ငြီးငွေ့သွားပြီလား တစ်နေ့လုံးစားလို့မရ သွားလို့မရ ဘာများဖြစ်နေပြီလဲ ဘယ်များရောက်နေပြီလဲ မျှော်နေရတဲ့စိုးရိမ်စိတ်ကြီး ငြီးငွေ့သွားပြီလား ရောက်တဲ့အရပ်ကဖုန်းဆက်လိုက်ပါလား မင်းမျက်ရည်တွေ. . .၊ပျော်အောင်နေ အ

အရောင်များဆီ တိုးဝင်ကြည့်ခြင်း

(၁) စက္ကူစ ဖြူဖြူလေးတွေ ကြေမွ လွင့်စင်သွားတဲ့အခါ စိတ်ထဲ အထီးကျန်မှုဟာ အရောင်တွေအဖြစ် ၀င်ရောက်လာခဲ့တယ်။ စိမ်းညို့ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေနဲ့ အရိပ် ဒါမှမဟုတ် စိတ်သက်သာရာ ရစေမယ့် အရောင် တစ်ခုခုတော့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တကယ် လိုအပ်မှာပါပဲ။ စံပယ်ပန်းလေးလို ဖြူဆွတ် မွှေးပျံ့ခြင်း၊ ချစ်သူရဲ့ ပန်းသွေးနုရောင် နှုတ်ခမ်းတွေလို ချိုရီ နူးညံ့ခြင်း တစ်ခုခုပေါ့ . . .။ တိတ်ဆိတ်ခြင်းတွေဆီ စိတ်နဲ့တိုးဝင်သွားတော့ ပိန်းပိတ်အောင် ဖြူတဲ့ နှင်းရဲ့ အရောင်ကို တွေ့ရတယ်။ အမှောင်မှာ ညှိုးငယ်ဆိတ်ငြိမ်စွာ ထိုင်နေပါတယ် ဟိုးဝေးဝေးက အလင်းရောင်ရယ်. . . (၂) ငယ်ဘ၀ရဲ့မိုးတိမ်တွေ အိမ်အပြင်တွင် ညှို့နေတုန်းပင် ရှိလိမ့်မည်။ ပျိုးခင်းစိမ်းစိမ်း လယ်ကွင်းတွေ၊ တက်ရေနှင့်အတူ ၀ါဆို၊ ၀ါခေါင်မိုးကလည်း ဖွေးဖွေးလှုပ်မျှပင်။ ချမ်းလွန်းလှ အေးလွန်းလှသည်။ သို့သော် ပျော်လည်း ပျော်နေပြန်သည်။ ၀မ်းနည်းသည့် အခါလည်း ရှိတတ်ပြန်သည်။ ဘယ်အချိန် ဘယ်နေရာပဲ ရောက်နေရောက်နေ ငယ်ဘ၀ရဲ့မိုးရာသီတွေဆီ သတိရ ဆွတ်ကျင်ရသည်မှာ ဘယ်တော့မှ မကျက်တော့မယ့် ဒဏ်ရာကို ခင်တွယ် ယုယရသလို ရင်၌နင့်နင့်သည်းသည်း ဖြစ်ရသည်။ နာကြင်ဖ

ငှက်ကလေး…

ငှက်ကလေး… မင်းလာနားပုံကမယုံနိုင်စရာ တိုးတိတ်ညင်သာလွန်းရဲ့ ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံ နဲ့ အမှန်တွေဟာသက်ဝင်လင်းပြက်လို့ ငှက်ကလေး… မင်းဟာ ကမ္ဘာဦးဂူနံရံမှာ ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်… အရှုံးမဟုတ်ဘူး ငှက်ကလေး… ငြိမ်းချမ်းရေးဆိုတာ ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ မင်းပျံသန်းသွားပြီးတဲ့နောက်မှာ ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်… ငါဟာငြိမ်းချမ်းစွာ… ငါဟာ… ငှက်ကလေး… မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့ မရေရာသူတွေရဲ့ စကားမှာတော့ မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့ ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။ မင်းစိုးရာ

နေကောင်းလား ကောင်းကြီး

နေကောင်းလား ကောင်းကြီး ပုသိမ်မှာတော့ လမ်းကြိတ်စက်အောက် ကျောက်ခဲလေး ရောက်သွားပြီ သူငယ်ချင်း။ ရင်ပြင်တော်ပေါ် ခြောက်သွေ့သွားတဲ့ ငါတို့ရဲ့ အပျော်တွေ ညီတွေ၊ညီမတွေ လှည်းကျင်းနိုင်ရဲ့လား ဘုရားနား နီးတော့ ဘုရားအကြောင်း စာအုပ်နား နီးတော့ စာအုပ်အကြောင်း မင်းအနား မနီးပေမယ့် မင်းအကြောင်း နေကောင်းရဲ့လား ကောင်းကြီး။ ကောင်းကြီးရေ . . . မင်းသွေးထဲ အေးခဲနေတဲ့ ရော့(ခ်)သီချင်းတစ်ပုဒ်လို ငါတို့ကို သတိရပါ မင်းပြောခဲ့သလိုပေါ့ တကယ့် အဖြစ်အပျက်ထက် တကယ် ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို စားမြုံ့ပြန်ရတာ ပိုအရသာ ရှိပါတယ်။ နေကောင်းလား ကောင်းကြီး မင်းကျောင်းတက်နေရပြီဆို ငါတို့ကတော့ ဘဂ္ဂဒက်မှာ မထူးဆန်းတော့တဲ့ လမ်းဘေးဗုံးပဲ ကွဲချင်လည်း ကွဲပေါ့။ ပုသိမ်မှာတုန်းက ရန်ကုန် ဘယ်ဘက်မှာလဲလို့ မေးတော့ မင်းကောင်မလေးအိမ်ဘက် မင်းက လက်ညှိုးထိုးပြတယ် အခုတော့ ပုသိမ်ဆိုတာ ချစ်သူတွေ ရှိရာ အရပ်လို့ ငါလည်း မှတ်သားတတ်နေပြီ သူငယ်ချင်း။ နေကောင်းလား ကောင်းကြီး စနေ၊ တနင်္ဂနွေဆို ငါနဲ့ကြက်ဖလေး နှစ်ယောက် ရန်ကုန်မြို့ထဲ ရှိသမျှ လမ်းတွေ အကုန် လိုက်လျှောက်တာပဲ ဒါပေမယ့် ဘယ်မှ မရောက်ပါဘူး နောက်ဆုံးတော့ လပွတ္တာသား ကဗျာဆရ