ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲ ဆွဲထည့်နေပြန်ပြီ အချိန်အခါ နေရာဒေသ မရွေး တင်နေတဲ့ ရန်ကြွေးကို လက်တုန့်ပြန်ဖို့ သစ်ပင်မြန်မြန်စိုက်၊ မသေခင် အရိပ်လည်းနေရ အခက်လည်းချိုးရ မကြာခဏ ထထပေါက်နေတဲ့ ကားဗုံးတွေအတွက် မကြာခဏ ထထလှုပ်နေတဲ့ မြေငလျင်တွေအတွက် မကြာခဏ ထထတိုက်နေတဲ့ ဆိုင်ကလုန်းတွေအတွက် ငါတို့မြို့ကြီးကတော့ စိုးရိမ်ပူပန်လို့ ငါတို့မြို့ကြီးကတော့ ပူလို့သေတော့မှာပဲ လ္ဘက်ရည်ဆိုင်မှာ ဧည့်ခန်းဖွဲ့ ရေဒီယို နားထောင်ရင်း ကမ္ဘာပတ်၊ဂျာနယ်ဖတ်ရင်း အပန်းဖြေ အင်တာနက်ဆိုင် သေးသေးလေးထဲကနေ ကမ္ဘာအကြီးကြီးကို ချောင်းကြည့်နေရရှာတဲ့ ငါတို့မြို့ကြီးကတော့ ကျွတ်ကျဲနေပါပြီ ငါပျော်နေတဲ့အချိန် ငါ့မိသားစု၊ ငါ့ပတ်ဝန်းကျင်၊ ငါ့ဆွေမျိုး အသိုင်းအဝိုင်းတွေ ပျော်နေပါ့မလား ငါပျော်နေတဲ့အချိန် ငါ့ချစ်သူ၊ ငါ့မုန်းသူ၊ ငါ့ရန်သူတွေ ပျော်နေပါ့မလား ငါတို့ ဂြိုလ်ပြာကြီးကတော့ တဖြည်းဖြည်း ပျော်ပျော်ကျ တာဝန်မဲ့ ရပ်ကွက်ထဲက ထွက်ပြေးသွားတဲ့ ဂျင်းဘောင်းဘီ အစုတ်တစ်ထည်လို စိတ်ဓါတ် ပျက်ပြားနေတဲ့ တီရှပ်အနက် တစ်ထည်လို ငါဟာ ရှုံးပွဲကို အချိန်ဆွဲကစားမိသူ နောက်တန်းသမား သူဖုန်းစားလည်း လက်ညှိုးထိုးခံရ သူရဲကောင်းလည်း လက်ညှိုးထို...
Comments
Post a Comment