Posts

Showing posts from June, 2010

အခု ခင်ဗျားကြုံ / တွေ့နေတဲ့ ပြဿနာရဲ့ အစ

အစလေးတစ်စ အစင်းကြောင်းလေးတစ်ခု သတ္တုဟာ အက်လာတယ် အက်ရာလေးကိုကြောင်း/ကျောင်းပေးရင်း အက်ကြောင်းရာလေး ဖြစ်လာတယ် ရှေ့တိုးလာတယ် ရွေ့လာတယ် တဖြည်းဖြည်း မှိန်ဖျော့လာတဲ့ အသားအရေမှာ ဓါးခုတ်ရာလို ဆေးမင်ကြောင်ဟာ တဟုန်ထိုး တဟုန်ထိုး ကြွလာတယ် ၊ လင်းလာတယ် အစင်းကြောင်းတွေ တစ်ရစ်ချင်း တစ်လွှာချင်း မြေဆီလွှာကို လွှာယူလိုက်ရင် တေ့ဆက်လား ချိတ်ဆက်လား ကွဲကွဲပြားပြား ကွဲပြားလာတဲ့ အသားအရောင်တွေ ကြားထဲမှာ သတ္တုဟာ ချွန်မြလာပြီး သိမှုနယ်ပယ်ရဲ့ အတွင်းသားထဲ အထိ စူးစမ်း စူးနေတဲ့ အစလေးကို စမ်းလိုက်မိတဲ့အခါ ဘာသာစကားဟာ တေ့ဆက်လား ချိတ်ဆက်လား လှလိုက်တာလို့ မညည်းတွားဝံ့အောင် လှ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘဲနဲ့တော့ ရပ်မသွားဘူး ဘာမှမဖြစ်ဘဲနဲ့တော့ ဆက်မသွားဘူး ဘာမှမဖြစ်ဘဲနဲ့တော့ TITANIC သင်္ဘောကြီး မြုပ်မသွားဘူး ဓာတ်ပုံရိုက်ယူပြီး ပြတင်းပေါက်ကို ပိတ်လိုက်တယ် အမြင်/အမျှင်ဟာ ပြတ်မသွားဘူး အလျင်ဟာ ရပ်မသွားဘူး တိမ်တွေ။ ။ မင်းစိုးရာ 10.6.2010